ကိုယ့်အနားမှာ ဘုရားရှိနေပါစေ
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များကို အကျဉ်းချုပ်လိုက်လျှင် (၁) သီလ၊ (၂) သမာဓိ၊ (၃) ပညာ ဟူ၍ သုံးမျိုးသာ ရှိပါသည်။ မြတ်စွာဘုရားရဲ့  အဆုံးအမဖြစ်သော ဤသိက္ခာ သုံးပါး အကျင့်တရားနှင့် ပြည့်စုံအောင် လိုက်နာကျင့်သုံးနေထိုင်ကြလျှင် ကိုယ့်အနားမှာ ဘုရားရှိနေတာနှင့် အတူတူပင် ဖြစ်ပါသည်။ ဤသိက္ခာသုံးပါး အကျင့်တရားကို လိုက်နာကျင့်သုံးနေထိုင်နေသရွှေ့  ဘုရားစကားကို လိုက်နာနေသည် မည်ပါသည်။ လိုက်နာကျင့်သုံးမှု မရှိပါက ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသော်လည်း စစ်မှန်သော ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ပါ။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များကို အကျဉ်းချုပ်လိုက်လျှင် (၁) သီလ၊ (၂) သမာဓိ၊ (၃) ပညာ ဟူ၍ သုံးမျိုးသာ ရှိပါသည်။ မြတ်စွာဘုရားရဲ့  အဆုံးအမဖြစ်သော ဤသိက္ခာ သုံးပါး အကျင့်တရားနှင့် ပြည့်စုံအောင် လိုက်နာကျင့်သုံးနေထိုင်ကြလျှင် ကိုယ့်အနားမှာ ဘုရားရှိနေတာနှင့် အတူတူပင် ဖြစ်ပါသည်။ ဤသိက္ခာသုံးပါး အကျင့်တရားကို လိုက်နာကျင့်သုံးနေထိုင်နေသရွှေ့  ဘုရားစကားကို လိုက်နာနေသည် မည်ပါသည်။ လိုက်နာကျင့်သုံးမှု မရှိပါက ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသော်လည်း စစ်မှန်သော ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ပါ။
မြင့်မြတ်သော ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ဖို့ ရန်မှာ ဤသိက္ခာသုံးပါး အကျင့်တရားသည် လွန်စွာအရေးပါလှပါသည်။ သာသနာတော်ရဲ့  အနှစ်သာရသည် သီလ၊ သမာဓိ၊ ပညာဟူသော ဤသိက္ခာသုံးပါးပင် ဖြစ်သည်။ လူ့ ဘ၀၏ အနှစ်သာရဟုလည်း ဆိုနိုင်ပေသည်။ မည်သူမဆို ဤသိက္ခာသုံးပါးအကျင့်တရားကို လိုက်နာကျင့်သုံး နေထိုင်မည်ဆိုပါက ဖြူစင်မြင့်မြတ်သော ပုဂ္ဂိုလ် ဧကန်အမှန်ပင် ဖြစ်ပါလိမ့်မည်။ ဦးဇင်းတို့ သတင်းသုံးနေတဲ့ ရုရှားနိုင်ငံမှာ ရွှေတိဂုံစေတီတော်လဲမရှိ၊ မဟာမြတ်မုနိလည်း မရှိ၊ ကျိုက်ထီးရိုးဆံတော်ရှင်လဲ မရှိပါ။ သို့ သော် မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သော သီလ၊ သမာဓိ၊ ပညာ ဤသိက္ခာသုံးပါးအကျင့်တရားကို လိုက်နာကျင့်သုံးနေပါလျှင် မိမိတို့ အနားမှာ သက်တော်ထင်ရှား မြတ်စွာဘုရား ရှိနေသည်နှင့် အတူတတူပင် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် ၀င်စံတော်မူခါနီးအချိန်ဝယ် အရှင်အာနန္ဒာက မြတ်စွာဘုရားကို လျှောက်ထားသည်မှာ “ရှင်တော်ဘုရား၊ ရှင်တော်ဘုရား မရှိတော့တဲ့နောက်ပိုင်းမှာ ဘုရားတပည့်တော်တို့  အားကိုးရာမဲ့ ဖြစ်ရပါတော့မည်ဘုရား” ဟု လျှောက်ထားရာ မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ၊ ငါ ဘုရားရှင်ကိုယ်တော်မြတ် (၄၅)၀ါ ကာလပတ်လုံး ဟောကြားတော်မူခဲ့သော တရားတော်တွေဟာ ငါဘုရားမရှိသည့်နောက်ပိုင်းမှာ သင်တို့ ရဲ့ ဆရာတစ်ဆူအဖြစ် တည်ရစ်ခဲ့လိမ့်မယ်၊ ဘာမှ အားမငယ်နဲ့ ”ဟု မိန့် ကြားတော်မူခဲ့ပါသည်။ဤစကားတော်များအရ မိမိတို့ သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးအကျင့်တရားကို လိုက်နာကျင့်သုံးနေထိုင်ကြမည်ဆိုပါလျှင် မိမိတို့ အနားမှာ သက်တော်ထင်ရှား မြတ်စွာဘုရား တည်ရှိနေသည်ဟူ၍ မှတ်ယူရပါမည်။ ဒါကြောင့် မြင့်မြတ်သော ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်အောင် မမေ့မလျှော့ပဲ ဤသိက္ခာသုံးပါးအကျင့်တရားကို ကြိုးစားဖြည့်ကျင့် ပွားများအားထုတ်နိုင်ကြပါစေဟု တိုက်တွန်းလိုက်ရပေသည်။
အားကိုးစရာ ရှာထားပါ
မိမိတို့  လူ့ ဘ၀၏သက်တမ်းသည် ဘာမှ သိပ်မကြာလှ၊ အလွန်တိုတောင်းလှပေသည်။ အလွန်ကုသိုလ်ကံ ကောင်းမှသာလျှင် လူ့ သက်တမ်း ၉၀၊ ၁၀၀ ၀န်းကျင် နေရပါသည်။ ရောဂါကင်းရှင်း၍ ကိုယ်ရောစိတ်ပါ ကျန်းမာစွာ အသက်တစ်ရာကျော် နေရသောသူကား အလွန်ရှားလှပါသည်။ ဘ၀၏နေ၀င်ခါနီးအချိန် သေရာညောင်းစောင်းထက်ဝယ် လျောင်းစက်နေရတဲ့အချိန်တွင် အားကိုးစရာရှိဖို့  အထူးအရေးကြီးလှပါသည်။ မိမိအနီးနားမှာ ရှိနေကြသော သားသမီး၊ ဆွေမျိုး၊ အပေါင်းအသင်း၊ သူငယ်ချင်းတွေဟာ ဒီအချိန်ဝယ် မိမိ၏ အားကိုးရာအစစ် မဖြစ်နိုင်တော့ပါ။ အင်မတန် တတ်ကျွမ်းလှသော သမားတော်ကြီးများ၊ ဆရာဝန်ကြီးများသည်လည်း မိမိရဲ့  အားကိုးရာအစစ် မဖြစ်နိုင်တော့ချေ။
ထိုအချိန်ဝယ် မိမိ၏ အားကိုးရာ အစစ်အမှန်ကား ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများပင် ဖြစ်ပေသည်။ ထို့ ကြောင့် တိုတောင်းလှသော လူ့ ဘ၀သက်တမ်းတစ်ခု နိဂုံးမချုပ်မှီ အားကိုးရာအစစ်အမှန်ကို ရှာထားသင့်လှပေသည်။ တစ်ရက်ကုန်သွားလျှင် မိမိအတွက် အားကိုးရာ အစစ်အမှန် ဘာရလိုက်သလဲဆိုတာ နဖူးပေါ်လက်တင် စဉ်းစားသင့်လှပေသည်။ တစ်ရက်ကုန်သွားတိုင်း မိမိအတွက် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်သုံးမျိုးတို့ တွင် တစ်မျိုးမျိုးကို မရလိုက်လျှင် ထိုနေ့ အတွက် အင်မတန် နှမြောစရာ ကောင်းလှပေသည်။ ဒါကြောင့် ရှေးဆရာတော်ဘုရားကြီးတွေက အောက်ပါအတိုင်း ဆုံးမသြ၀ါဒ ပေးတော်မူခဲ့ကြသည်။
ဆောင်ပုဒ်f ။ ။ အိုဘေးဒုက္ခ၊ တွေ့ ကြုံက၊ မိဘသားသမီး မကယ်နိုင်။
နားဘေးဒုက္ခ၊ တွေ့ ကြုံက၊ မိဘသားသမီး မကယ်နိုင်။
သေဘေးဒုက္ခ၊ တွေ့ ကြုံက၊ မိဘသားသမီး မကယ်နိုင်။
ထို့ အပြင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အဆုံးအမတော်များကလည်း မှတ်သားစရာ ကောင်းလှပါသည်။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်သုံးမျိုးသည်သာ ကိုယ်ပိုင်ဥစ္စာ အစစ်အမှန်ဖြစ်ကြောင်းကို ကျက်မှတ်လွယ်ကူစေရန် အောက်ပါအတိုင်း မှတ်တမ်းတင်တော်မူခဲ့သည်။
ဆောင်ပုဒ် ။ ။ ဒါန၊ သီလ၊ ဘာဝနာ ကိုယ်ပိုင်ဥစ္စာပါ။
တစ်နေ့ တစ်ရက် ကိုယ့်အတွက်၊ မပြတ်ကြိုးစားပါ။
ယခုလို မြတ်စွာဘုရား၏ သာသနာတော်နှင့် တွေ့ ကြုံဖို့ ဆိုသည်မှာ လွန်စွာ ခဲယဉ်းလှပေသည်။ လူ့ အဖြစ်ဆိုသည်ကလည်း ရခဲသောအရာတစ်ခုပင်။ ထို့ ကြောင့် သာသနာတော်နှင့် တွေ့ ကြုံခိုက် လူ့ အဖြစ်ကိုလဲ ရခိုက် ကိုယ်ပိုင်ဥစ္စာအစစ်အမှန်ဖြစ်သော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်သုံးမျိုးကို မိမိတို့ သန္တာန်၌ နေ့ စဉ်ဖြစ်ပွားအောင် ကြိုးစားနိုင်ကြပါစေဟု တိုက်တွန်းရေးသားလိုက်ရပေသည်။












0 comments:
Post a Comment