ထေရုပ္ပတ္တိ

ဓမ္မရေစင်အရှင်ဝေဠုရိယ
(သာသနဓဇဓမ္မာစရိယ၊ မဟာစည်ဓမ္မကထိက၊ B.A) ၏
ထေရုပတ္တိအကျဉ်းချုပ်

။ အရှင်ဝေဠုရိယလောင်းလျာကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပိတ်ချင်းတောရွာ  
ဦးချမ်းပို+ဒေါ်မြကြင်တို့မှ ၁၉၇၄-ခုနှစ် ဖေဖော်ဝါရီလ(၆)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ပါသည်

၂။ ၁၈၈၇-ခုနှစ် အသက်(၁၂)နှစ်အရွယ်တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိပါသည်။

၃။ ၁၉၉၅-ခုနှစ် အသက်(၂၀)အရွယ်တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ပါသည်။ 

၎။ ၁၉၉၅-ခုနှစ်တွင် အစိုးရပထမကြီးတန်း၊ ၂၀၀၀-ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲကို အောင်မြင်၍`သာသနဓဇဓမ္မာစရိယ´ဘွဲ့၊ ၂၀၀၀-ပြည့်နှစ်တွင် အစိုးရနိကာယ်`၀ိနယ၀ိဒူ´ဘွဲ့၊ ၁၉၉၈-ခုနှစ်တွင် ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက် `ဂဏ၀ါစကပရိယတ္တိဓမ္မာစရိယ´ဘွဲ့၊ ၁၉၉၉-ခုနှစ်တွင် `သာသနင်္ကုရဓမ္မာစရိယ´ ဘွဲ့၊ ၂၀၀၅-ခုနှစ်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာ ပြုကျောင်းတော်ကြီးမှ`ဗုဒ္ဓဓမ္မဒီပလိုမာ´ဘွဲ့၊ ၂၀၀၇-ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ `B.A(Buddha Dhamma)´ဘွဲ့ကို ရရှိအောင်မြင်ခဲ့သည်။
၅။ ၂၀၀၂-ခုနှစ်တွင် ရန်ကုန်မြို့ ၊ မဟာစည်သာသနာ့ရိပ်သာကြီးသို့ရောက်ရှိခဲ့ပြီး ထိုမှ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မဟာစည်အပြည်ပြည်ဆိုင်ရာသင်တန်းကျောင်းတွင် အင်္ဂလိပ်စာကို စတင်လေ့လာခဲ့သည်။ 

၆။ ၂၀၀၈-ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာကြီးတွင် နိုင်ငံခြားသားယောဂီ များအတွက် အင်္ဂလပ်ဘာသာပြန်တာဝန်ကို နာယကဆရာတော်ကြီးများနှင့်တွဲဖက်၍ ဆောင်ရွက်ခဲ့သည်။

၇။ ယခုအခါ ဆရာတော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ ဗုဒ္ဓ၀ိဟာရ ကျောင်းတော် Dom 182 , Ulitza Dshnaya Posyolok Gorelovo တွင် သီတင်းသုံးနေထိုင်လျှက် ရုရှားနိုင်ငံ၏ ကြမ်းတမ်းသောရာသီဥတု၊ ကွဲပြားသောဘာသာစကား၊ မတူညီသောယဉ်ကျေးမှု၊  အစားအသောက်စသော အခက်အခဲများကြားဝယ် ထေရ၀ါဒဗုဒ္ဓသာသနာတော်နှင့်အညီ မဟာစည်သတိပဋ္ဌာန် ၀ိပဿနာတရားတော်များကို ဟောကြားပြသလျှက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်...

 

| Themes by luyogyi | Designed by luyogyi