သူတို့မေးသမျှ ဖြေပေးရ
( အမေး+အဖြေများ )
မိမိသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သီတင်းသုံးနေ
ထိုင်စဉ်အတွင်း ထေရ၀ါဒဗုဒ္ဓဘာသာကို စိတ်ပါဝင်စားကြသော ရုရှားလူမျိုးများက
ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြပါသည်။ ၄င်းတို့မေးသော
မေးခွန်းများစွာထဲမှ ဗုဒ္ဓဘာသာဝင်များ သိထားသင့်သော၊ ဗုဒ္ဓဘာသာဝင်များ
အတွက် ကျေးဇူးများမည်ထင်သော မေးခွန်းများ၏အဖြေကို မိမိနားလည်သလို
တိုတိုကျဉ်းကျဉ်း ဖော်ပြထားပါသည်။
ထိုင်စဉ်အတွင်း ထေရ၀ါဒဗုဒ္ဓဘာသာကို စိတ်ပါဝင်စားကြသော ရုရှားလူမျိုးများက
ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြပါသည်။ ၄င်းတို့မေးသော
မေးခွန်းများစွာထဲမှ ဗုဒ္ဓဘာသာဝင်များ သိထားသင့်သော၊ ဗုဒ္ဓဘာသာဝင်များ
အတွက် ကျေးဇူးများမည်ထင်သော မေးခွန်းများ၏အဖြေကို မိမိနားလည်သလို
တိုတိုကျဉ်းကျဉ်း ဖော်ပြထားပါသည်။
မေးခွန်း(၁၆)။ ။ အာရှတိုက်က လူတွေနဲ့ ဥရောပတိုက်ကလူတွေ အသားအရောင်မတူတာ၊
အာဖရိကတိုက်က
လူတွေအသားမဲတာဟာ ကံကြောင့်ချည်းပဲလား?
ဗုဒ္ဓဘာသာရဲ့ရှုဒေါင့်ကနေ ဘယ်လိုအဖြေ
ပေးချင်သလဲ?
မေးသူအမည်။ ။ Alina, St. Petersburg, Russia
အဖြေ။ ။ လောကမှာ တချို့က ချမ်းသာတယ်၊
တချို့က ဆင်းရဲတယ်၊ အချို့မှာ ခြေလက်အဂါင်္တွေ အချိုးကျ
ပြီးလှပနေပါတယ်၊ ရုပ်ရည်ချောမောကြပါတယ်။ အချို့ကျတော့
ကိုယ်အဂါင်္တွေချွတ်ယွင်းပြီး ရုပ်လဲ
ဆိုးတတ်ကြပါတယ်။ အချို့မှာကြတော့ အသက်ရှည်ပြီး အချို့မှာတော့ အသက်တိုတတ်ကြပါတယ်။
အဲ့ဒါတွေကတော့ ကံကြောင့်ဖြစ်ပါတယ်။ အသားအရောင် မတူညီတာ၊ အသားဖြူတာ အသားမည်းတာတွေ
ကတော့ ကံနှင့်မဆိုင်ပါဘူး။ ဥတုနှင့်ဆိုင်ပါတယ်။ ပြီးတော့ မိဘနှစ်ပါးနဲ့လည်း ဆိုင်ပါတယ်။ သတ္တ၀ါတွေဟာ
ကံကြောင့်သာ မတူကြသေးတာမဟုတ်သေးပါဘူး။ ဥတုကြောင့်ဖြစ်တဲ့ ဥတုဇရုပ်ကြောင့်လည်း မတူကြပါဘူး။
အချို့မှာ အသားဖြူပြီး အချို့မှာ အသားဖြူတတ်ကြပါတယ်။ အချို့မှာ အစာကြောင့်ဖြစ်တဲ့ အာဟာရဇရုပ်
အဲ့ဒါတွေကတော့ ကံကြောင့်ဖြစ်ပါတယ်။ အသားအရောင် မတူညီတာ၊ အသားဖြူတာ အသားမည်းတာတွေ
ကတော့ ကံနှင့်မဆိုင်ပါဘူး။ ဥတုနှင့်ဆိုင်ပါတယ်။ ပြီးတော့ မိဘနှစ်ပါးနဲ့လည်း ဆိုင်ပါတယ်။ သတ္တ၀ါတွေဟာ
ကံကြောင့်သာ မတူကြသေးတာမဟုတ်သေးပါဘူး။ ဥတုကြောင့်ဖြစ်တဲ့ ဥတုဇရုပ်ကြောင့်လည်း မတူကြပါဘူး။
အချို့မှာ အသားဖြူပြီး အချို့မှာ အသားဖြူတတ်ကြပါတယ်။ အချို့မှာ အစာကြောင့်ဖြစ်တဲ့ အာဟာရဇရုပ်
များလည်း မတူကြပါဘူး။ ကြမ်းတမ်းတဲ့ အစားအစာတွေကို စားသောက်ရတဲ့သူတွေဟာ သူတို့ရဲ့ရုပ်အဆင်းတွေ
ကလည်း
များသောအားဖြင့် ခပ်ကြမ်းကြမ်းတွေပဲ ဖြစ်တတ်ပါတယ်။ နူးညံ့တဲ့အစားအသောက်တွေကို စားကြတဲ့
သူတွေဟာလည်း သူတို့ရဲ့ ရုပ်အဆင်းတွေကလည်း
များသောအားဖြင့် နူးညံ့နေတတ်ကြပါတယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာရဲ့ရှုဒေါင့်ကနေ အဖြေပေးရရင် ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေကြောင့် သတ္တ၀ါများမတူကြခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သတ္တ၀ါတစ်ဦးဦးရဲ့ ဘ၀တစ်ခုဖြစ်လာရေးမှာ ကံ၊ စိတ်၊
ဥတု၊ အာဟာရဆိုတဲ့
အကြောင်းတရားလေးပါးနှင့် သက်ဆိုင်နေပါတယ်။
မေးခွန်း(၁၇)။ ။ ၀ိပဿနာတရားအားထုတ်ခြင်းသည် အိမ်ထောင်ရေးတွင်
အကျိုးသက်ရောက်မှုရှိပါသလား?
မေးသူအမည်။ ။ James, USA
အဖြေ။ ။ ၀ိပဿနာတရားကို အားထုတ်ခြင်းဖြင့် မိသားစုအိမ်ထောင်ရေးတွင်
တစ်ဦးကိုတစ်ဦး မေတ္တာပို
ထားနိုင်ခြင်း၊ နားလည် ခွင့်လွတ် သည်းခံနိုင်ခြင်း၊
တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ လိုက်လျောညီထွေ
နေထိုင်တတ်ခြင်းတို့ကြောင့်
မိမိတို့ မိသားစုအတွင်းဝယ် အေးချမ်းသာယာမှုများ တိုးပွားလာနိုင်ပါ
သည်။ အိမ်ထောင်ရေးပြဿနာများဖြစ်ရခြင်းသည်
လောဘ၊ ဒေါသစသောကိလေသာတရားတွေ အားကြီးမှု
ကြောင့်၊ တစ်ဦးကိုတစ်ဦး
မေတ္တာမထားနိုင်ခြင်း၊ နားလည် ခွင့်လွတ် သည်းခံမှုမရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး
ချစ်ခင်စွာ လိုက်လျောညီထွေ
မနေထိုင်တတ်မှုများကြောင့် ဖြစ်ရပါသည်။ ဒါကြောင့် ၀ိပဿနာတရားကို အားထုတ်ခြင်းဖြင့်အေးချမ်းသာယာသော
မိသားစုဘ၀ကို တည်ဆောက်နိုင်ပါသည်။ ဇနီးမောင်နှံနှစ်ဦးစလုံးက ၀ိပဿနာတရားတွေအားထုတ်ထားကြလို့ ဓမ္မသဘောကို နာလည်ထားလျှင် အေးချမ်းသာယာပြီး ပျော်ရွင်စရာ
မိသားစုလေးဖြစ်လာမှာသေချာလှပါသည်။
ဓမ္မဆိုသည်မှာ တရားထိုင်ခြင်းအလုပ်မျှကို ဆိုလိုသည်မဟုတ်ပါ။
ဓမ္မသဘောကို မိမိတို့နေစဉ်ဘ၀မှာ ပေါင်းစပ်၍ အသုံးချတတ်ရမည်ဖြစ်ပါသည်။
မေးခွန်း(၁၈)။ ။ လူတစ်ယောက်ဟာ
မြတ်ဗုဒ္ဓ၏၀ိပဿနာတရားအားထုတ်ပြီးတဲ့နောက် သူရဲ့ Lifestyle က
ပြောင်းလဲသွားသလား?
မေးသူအမည်။ ။ Angelana, St. Petersburg, Russia
အဖြေ။ ။ မြတ်ဗုဒ္ဓ၏၀ိပဿနာတရားကို စနစ်တကျ လေ့လာအားထုတ်ပါလျှင်
အရင်ကထက်ကိုယ်အမူအရာပိုပြီး
ယဉ်ကျေးသိမ်မွေ့လာပါတယ်။ နှုတ်အပြောအဆိုတွေလဲ အရင်ကထက်
ချိုသာယဉ်ကျေးလာပါတယ်။ ကြမ်းကြမ်း တမ်းတမ်း၊ ကျယ်ကျယ်လောင်လောင် မပြောတော့ပါဘူး၊ စိတ်ဓာတ်တွေလဲ
မြင့်မားလာပါတယ်။ စိတ်ချမ်းသာမှု၊စိတ်အေးချမ်းမှုများ အရင်ကထက်ပိုပြီး ရလာပါတယ်။ ရှေးကထက် သူတစ်ပါးအပေါ်မှာ
မေတ္တာပို
ထားနိုင်ခြင်း၊
နားလည် ခွင့်လွတ်သည်းခံနိုင်ခြင်း၊ အရာရာတွင် သတိပိုကောင်းလာခြင်း၊ အများနှင့် လိုက်လျော
ညီထွေ
နေထိုင်တတ်ခြင်း၊ ညဏ်ပညာများထက်မြက်လာခြင်း၊
ဒေါသထွက်တာနည်းလာခြင်း၊ ဘုရား၊ တရား၊
သံဃာရတနာသုံးပါးအပေါ်
အရက်ကထက် ပိုမိုယုံကြည်လာခြင်း၊ မိဘ၊ ဆရာသမားတွေရဲ့ကျေးဇူးကို ပိုမိုသိမြင်
နားလည်လာခြင်းစသော
ရလာဒ်ကောင်းတွေကို ရရှိနိုင်ပါတယ်။ ၀ိပဿနာတရားကို
စနစ်တကျ ကြိုးစား
အားထုတ်လို့ အရက်ပြတ်၊ ဆေးလိပ်ပြတ်သွားကြတဲ့သူတွေကိုလည်း အများကြီးတွေ့ဖူးပါသည်။ ဒါကြောင့်
လူတစ်ယောက်ဟာ ၀ိပဿနာတရားကို အားထုတ်ပြီးတဲ့နောက်မှာ သူ့ရဲ့ အကျင့်အားလျော်စွာ သူရဲ့ Lifestyle က
အကောင်းဘက်ကို ပြောင်းလွဲသွားနိုင်ပါတယ်။

